Finding Myself: A Journey of Self-Discovery and Connection [25th September]

ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေကြည့်မယ့် ခရီးတစ်ခုမှာ ပါဝင်လိုက်ပါ။

Finding Myself: A Journey of Self-Discovery and Connection

တစ်ခါတလေ… နိုင်ငံသစ်မှာ ဘဝအသစ်ကို စတင်ရင်း၊ အလုပ်၊ ကျောင်း၊ ငွေကြေးအခက်အခဲ၊ အိမ်လွမ်းခြင်း၊ အထီးကျန်မှုတွေကြားမှာ “ငါက ဘယ်သူလဲ?” “ငါ ဘာကို တကယ်လိုချင်တာလဲ?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို မေးဖူးကြမှာပါ။

ဒီ Group Reflection Session ကတော့ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာစေဖို့၊ကိုယ့်ရဲ့ အားသာချက်တွေ၊ တန်ဖိုးထားတဲ့အရာတွေ၊ မျှော်လင့်ချက်တွေနဲ့ ဘဝခရီးကို ပြန်လည်သုံးသပ်နိုင်ဖို့ ဖန်တီးထားတဲ့ လုံခြုံပြီး နွေးထွေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Session အတွင်း ဘာတွေလုပ်မလဲ?
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်မယ့် Reflection Activities
နှစ်ယောက်တစ်တွဲ မျှဝေဆွေးနွေးခြင်း
“The Tree of Me” Creative Drawing Activity
ကိုယ့်ရဲ့ အားသာချက်၊ အိပ်မက်နဲ့ ဘဝခရီးကို ပြန်လည်ရှာဖွေခြင်း
လူသစ်တွေနဲ့ Meaningful Connections တည်ဆောက်ခြင်း

ဒီ Session ကနေ ဘာတွေရနိုင်မလဲ?
•⁠ ⁠ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာမယ်။
•⁠ ⁠ကိုယ့်ရဲ့ အားသာချက်နဲ့ တန်ဖိုးတွေကို သိရှိလာမယ်။
•⁠ ⁠စိတ်ခံစားချက်တွေကို ပိုမိုနားလည်နိုင်မယ်။
•⁠ ⁠အလားတူအတွေ့အကြုံရှိတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်နိုင်မယ်။
•⁠ ⁠ကိုယ့်အတွက် လက်တွေ့ကျတဲ့ Self-growth Goal တစ်ခုနဲ့ ပြန်သွားနိုင်မယ်။

ဘယ်သူတွေ တက်သင့်လဲ?
အသက် ၂၅–၃၅ နှစ် ကြားရှိ Myanmar Migrants နှင့် Refugees များ
အထီးကျန်နေတယ်လို့ ခံစားရသူ
ကိုယ့်ကိုယ်ကို ပိုမိုနားလည်ချင်သူ
Personal Growth ကို စိတ်ဝင်စားသူ
လူသစ်တွေနဲ့ Meaningful Connection တည်ဆောက်ချင်သူ

ရက်စွဲ၊ ၂၅ စက်တင်ဘာလ ၂၀၂၆
အချိန်၊ ညနေ ၆:၀၀ မှ ၉:၀၀ ထိ (Thailand Standard Time)
ပါဝင်သူ၊ 10 ဦးသာ လက်ခံမည် (First Come, First Served)

Sharing လုပ်ခြင်းသည် မဖြစ်မနေ မဟုတ်ပါ။ ကိုယ်အဆင်ပြေသလောက်သာ မျှဝေနိုင်ပြီး၊ Confidentiality ကို အလေးထားမည်ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို ပြန်လည်တွေ့ဆုံဖို့၊ ကိုယ့်ရဲ့ အားသာချက်တွေကို ပြန်လည်ရှာဖွေဖို့၊ လူသစ်တွေနဲ့ Meaningful Connection တည်ဆောက်ဖို့ ဒီခရီးမှာ အတူပါဝင်လိုက်ပါ။

Register လုပ်လိုပါက https://tinyurl.com/mvthcrsm
Chat Box မှာလည်း စာပို့နိုင်ပါတယ်။